NLD ပါတီ အသွင်ပြောင်း CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ လက်နက်ကိုင် PDF အကြမ်းဖက်သမားသည် CDM ဆရာမများ၊ PDF အဖွဲ့ထဲ ဝင်ရောက်လာသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်လှုံ့ဆော်သူ အမျိုးသမီး ဖွင့်ဟပြောဆိုထားသည်မှာ "ညီမလေးတွေ ပြောပြတဲ့ သူတို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုတွေ ကြားရချိန် ရင်တွေနာရပါတယ်။ တစ်ယောက်မက ပြောပြသော အကြောင်းအရာတွေမှာ ကိုယ်ဟာ ဓားနဲ့ အကြိမ်ကြိမ် ထိုးစိုက်ခံနေရသလိုပါပဲ။ ဘယ်တတ်နိုင်မလဲ သူတို့က အင်အားကြီးတယ်လေ ဆိုတာရဲ့ နောက်မှာ ကိုယ်လည်း ဆွံ့အတယ်။ လက်နက်ကိုင်ထားလို့ က တစ်မျိုး၊ ဆယ်လီဖြစ်လို့က တစ်ဖုံ၊ ရပ်တည်ကာကွယ်ပေးမယ့် အဖွဲ့မရှိတာက တစ်ကြောင်း။ ဒီကာလမှာ ထုတ်ဖော်ပြောကြားဖို့ ခက်တဲ့ အမှန်တရားတွေရဲ့ အသက်က ငွေ့ငွေ့လေးရယ်ပါ။ မုဒိန်းကျင့်ခံရပါတယ်ဆိုတာကို ခံရသူဘက်က ကံတရားလို့ ဖြေသိမ့်နေရတာကို ကြည့်နေရတာလောက် ဘဝက သောက်အဓိပ္ပာယ်မဲ့တာ မရှိဘူး။" ဟု ရေသားဖြန့်ဝေထားသည်။
လေ့လာသူ တစ်ဦးက "PDF တွေရဲ့ ကောက်ကျစ်ယုတ်မာမှုက လိုက်မမီဘူး။ CDM ဆရာဝန်မ၊ ကျောင်းဆရာမတွေ ကို ခြိမ်းခြောက်တယ်။ ငွေညှစ်တာလည်း ရှိတယ်။ သူတို့ရဲ့ ကာမဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတာလည်း ရှိတယ်။ မရရင် CDM ဝန်ထမ်းပါ ဆိုပြီး တပ်ဘက်ကို လက်တို့လိုက်မယ်၊ သတင်းပေးလိုက်မယ် ဒါမျိုးတွေ ခြိမ်းခြောက်တာလည်း ရှိတယ်။ တချို့ဝန်ထမ်းအမျိုးသမီးတွေမှာ NLD ကို အားပေးထောက်ခံတဲ့ စိတ်နဲ့ CDM ထဲ ပါသွားပြီး ပဒက်တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ကိုယ်တိုင် ကြုံရတော့မှ ဒီလူတွေရဲ့ သဘောသရုပ်မှန်ကို သိသွားကြတာ။ ပဒက်တွေ တောင်းဆိုတဲ့ ဆန္ဒပြကို မဖြည့်ဆည်းပေးရင် အသက်နဲ့ ခန္ဓာ အိုးစားကွဲရမယ့် အဖြစ်မျိုးတွေ။ ရင်နာစရာဖြစ်စဉ် ဖြစ်ရပ်တွေက အများကြီးပါ။" ဟု ဆိုသည်။
NLD ကို ထောက်ခံအားပေးပြီး PDF အကြမ်းဖက်သမားများအဖြစ် ပါဝင်နေကြသူများသည် အမျိုးသမီးငယ်များကို လက်နက်ဖြင့် ချိန်းခြောက်၍ အုပ်စုဖွဲ့ အဓမ္မပြုကျင့်စော်ကားသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ဖူးသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် PDF အကြမ်းဖက်သမားများ၏ အဓမ္မပြုကျင့်စော်ကားမှုများကို ရုပ်သံထုတ်လွှင့် ပြောဆိုခဲ့သည့် အမျိုးသမီးမှာ နှုတ်ပိတ် ရှင်းလင်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment