တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်





တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ခြင်းအစီအစဉ်ကို ဒီဇင်ဘာလ ၄ ရက်နေ့၌ ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဟိုင်နန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး Mr. Feng Fei ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Liu Xiaoming တို့မှ အသီးသီးအမှာစကားပြောကြားကာ ဆိပ်ကမ်းအကြောင်းမိတ်ဆက်ခဲ့ကြသည်။     

နိုင်ငံပေါင်း ၁၆၀ ကျော်မှ တရုတ်နိုင်ငံအခြေစိုက်သံတမန်နှင့် အရာရှိများ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဗဟိုဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များ၊ လုပ်ငန်းကုမ္ပဏီများနှင့် နိုင်ငံတကာစီးပွားရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာကိုယ်စားလှယ်များ စသဖြင့် လူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ဟိုင်နန်ပြည်နယ်တွင် လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်လာသည့် ၆ နှစ်တာကာလအတွင်း ကြီးမားသော ပြည်တွင်းဈေးကွက်ကို ကျောထောက်နောက်ခံပြုပြီး နိုင်ငံတကာစံနှုန်းမြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများဖြင့် ချိတ်ဆက်ခဲ့ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ငန်းစတင်ရန် ဆွဲဆောင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ စနစ်ပုံစံ တံခါးဖွင့်လှစ်မှု၏ ရှေ့ပြေးနေရာအသစ်၊ ဒေသတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု၏ စည်ကားသော နေရာသစ်၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ဖော်ဆောင်သည့် အင်ဂျင်အသစ်ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟိုင်နန်ပြည်နယ်အကြီးအကဲက ဟိုင်နန်ပြည်နယ်သည် ယနေ့ကမ္ဘာ့အဆင့်အမြင့်ဆုံး တံခါးဖွင့်လှစ်မှုအနေအထားဖြင့် ပိုမိုအဆင့်မြင့်သော တံခါးဖွင့်လှစ်မှုပုံစံ စီးပွားရေးစနစ်သစ်ကို တည်ဆောက်နေပြီး တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် တံခါးဖွင့်လှစ်မှုကိုတိုးချဲ့သည့် ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကိုဖော်ပြရင်း တရုတ်ပုံစံခေတ်မီမှု ဟိုင်နန်စာမျက်နှာကို ရေးသားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ လာရောက်ခရီးလည်ပတ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးရန်၊ ဖွံ့ဖြိုးတိုးတက်မှုကိုအတူမျှဝေရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)