လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဌာနအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများနှင့်ပတ်သက်၍ အညွှန်းကိန်း နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ စာရင်းများ တောင်းခံဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံသော အညွှန်းကိန်းများကို အညွှန်းကိန်းများ လက်စွဲစာအုပ်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်စွဲစာအုပ်ပုံမှန်ပြုစုထုတ်ဝေခြင်းဖြင့် ယုံကြည်စိတ်ချရပြီး မှန်ကန်မှုရှိသော ကိန်းဂဏန်းအချက်အလက်များ အလွယ်တကူရရှိနိုင်ခြင်း၊ အညွှန်းကိန်းများကိုအခြေခံ၍ နိုင်ငံရှေ့ရေးအတွက် ခိုင်မာသောမူဝါဒများချမှတ်နိုင်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်းနှင့် လူနေမှုအဆင့်အတန်းတို့ကို သိရှိနိုင်ခြင်းကြောင့် အညွှန်းကိန်းများ လက်စွဲစာအုပ်ပြုစုထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း။

အလုပ်သမားဝန်ကြီးဌာနသည် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေးလုပ်ငန်းကို ဦးတည်ဆက်သွယ်သည့် ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြားဝန်ကြီးဌာန ၂၁ ခုမှ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဦးစီးဌာနနှင့်အဖွဲ့ ၄၄ ခု၊ တက္ကသိုလ်/ ကောလိပ်လေးခု၊ ကော်မတီတစ်ခုနှင့် အသင်းအဖွဲ့နှစ်ခုတို့မှ လုပ်ငန်းအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် စုစည်းညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ရေရှည်တည်တံ့စေရေးအဖွဲ့များခွဲ၍ ဆွေးနွေးသုံးသပ်ပြီး အကြံပြုချက်များရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၂၃-၂၀၂၄ ခုနှစ်) ထွက်ရှိနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)