ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ဒေသနှင့်ကိုက်ညီသော သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ဒေသနှင့်ကိုက်ညီသော သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ToT) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် ဒေသနှင့်ကိုက်ညီသော သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရည်မှန်းချက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားပြီး တစ်ဦးချင်းနှင့်အဖွဲ့လိုက် ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုဆုများပေးအပ်သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ပို့ချလေ့လာသင်ယူခဲ့မှုမှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)