နေပြည်တော်၊ ဒီဇင်ဘာ ၂၅
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်သူများ လက်ကိုင်ဖုန်းအသုံးပြု၍ နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်ဈေးနှုန်းများဖြင့် လိုအပ်သလောက် ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန်အတွက် MPTA FM အမည်ရှိ Software Application တစ်ခုကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
MPTA FM Application တွင် နိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ တည်နေရာ၊ အရောင်းဆိုင်ဖွင့်ချိန်/ ပိတ်ချိန်၊ ရရှိနိုင်မည့်စက်သုံးဆီအမျိုးအစားနှင့် ရောင်းဈေးနှုန်း စသည့်သတင်းအချက်အလက်များပါဝင်ပြီး ယင်း Application ကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)တို့ ပူးပေါင်းရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ MPTA FM Application ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ Android Version ဖုန်းများဖြင့် Google Play Store တွင် လွယ်ကူစွာ Download ရယူအသုံးပြုနိုင်ပြီဖြစ်ပြီး IOS Version ဖုန်းများတွင် App Store မှတစ်ဆင့် Download ရယူသုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment