နေပြည်တော်၊ ဒီဇင်ဘာ ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီသည် ၂၃-၁၂- ၂၀၂၄ ရက်နေ့ နံနက် ၁၀ ၀၀ အချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သော ပြည်ထောင်စုနယ်မြေ မသန်စွမ်းသူများအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး နေပြည်တော် မသန်စွမ်းသူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းနှင့် တာဝန်ရှိသူများက အသင်းစတင်ဖွဲ့စည်းမှုမှ ယနေ့အထိ ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေသည့် အခက်အခဲများနှင့် လိုအပ်သည်များအား အကျယ်တဝံ့ရှင်းလင်းတင်ပြကြသည်။
ပါတီဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် သက်ဆိုင်ရာကဏ္ဍများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းခဲ့ပြီး ပါတီမှလှူဒါန်းသည့် အလှူငွေ သိန်း (၃၀) ကျပ်အား ပေးအပ်လှူဒါန်းရာ နေပြည်တော် မသန်စွမ်းသူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းနှင့် တာဝန်ရှိသူများက လက်ခံယူခဲ့ပြီး နေ့လည် ၁၂ ၀၀ အချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဒေါက်တာမောင်သင်း၊ ဦးအေးလွင်၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၊ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ နေပြည်တော် မသန်စွမ်းသူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment