အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၈) သင်တန်းဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၈) သင်တန်းဆင်း


ပြင်ဦးလွင်၊ ဒီဇင်ဘာ ၁၄

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယ၊ ဉာဏ၊ စာရိတဘက်စုံဖွံ့ဖြိုးသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မရှိမဖြစ်လိုအပ်သည့်အတွက် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်အကျိုးသယ်ပိုးမည့် အနာဂတ်နိုင်ငံ့သားကောင်းရတနာများကို ပြုစုပျိုးထောင်ပေးနေသော ဆရာ ဆရာမများကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

သင်တန်းက ရရှိခဲ့သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ကျောင်းသား၊ လူငယ်များကို နည်းမှန်လမ်းမှန် စနစ်တကျပျိုးထောင်နိုင်ကြပြီး ကိုယ်တိုင်လည်းနည်းပညာအသစ်အဆန်းများကို ဆက်လက်ဆည်းပူးကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၇၈ ဦး၊ သင်တန်းသူ ၂၉၇ ဦး၊ စုစုပေါင်း ၃၇၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)