မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ အကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ အကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး



နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ  အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ (၁၀ ၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဘုံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက် တည်ရှိပြီး နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီး ပွင်းလင်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)