ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကွင်းဆင်းဆောင်ရွက်ပေး




ရန်ကင်း  , ဒီဇင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အိမ်ထောင်စုဇယားဆောင်ရွက်ပေးခြင်းလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းလုပ်ငန်း၊ EID ကွန်ပျူတာစနစ်လုပ်ငန်းများ၊ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ရန်ကင်းမြို့နယ်အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အဆင့်- ၃ ဖြင့် ယမန်​နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်လဝကဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ဝေမာနှင့်ဝန်ထမ်းများ ရန်ကင်းမြို့နယ်အမှတ်(၂)ရပ်ကွက်အတွင်းနေ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။


ရန်ကင်းမြို့နယ်လဝကရုံးအနေဖြင့် မှတ်ပုံတင်အသစ်လဲလှယ်ပေးခြင်း၊ အသစ်ထုတ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးသူများအား ပြန်လည်ထုတ်ပေးခြင်း အိမ်ထောင်စုဇယားများ ဆောင်ရွက်ပေးခြင်းများကို ပြည်သူများအခက်အခဲမရှိအောင်၊ ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လဝကဦးစီးမှူးရုံးမှ သိရသည်။


လှလှထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)