မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့နယ် အတွင်းရှိ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် RBF စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအအနေများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့နယ် အတွင်းရှိ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် RBF စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအအနေများအား ကွင်းဆင်းစစ်ဆေး




မိတ္ထီလာ , ဒီ ဇင်ဘာ ၂၃


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၀ ရက်နေ့က မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆည်ကုန်းကျေးရွာ ကုန်ထုတ်လမ်းတံတားဖောက်လုပ်ပြီးစီးမှုနှင့် မုန်ပင်ဆည်ကျေးရွာ၌ RBF စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအအနေများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် မိတ္ထီလာခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စီမံကိန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအား မပျက်စီးစေရေးနှင့် ရေရှည်အကျိုး ဖြစ်ထွန်းစေရေး ကျေးရွာမှ ပူးပေါင်းကြိုးပမ်းကြရန်မှာကြားခဲ့ပြီး ဆည်ကုန်းကျေးရွာမှ လယ်ကွက်အမှတ်(၈၃၁-၈၃၂)သို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကန်တောင်အုပ်စု မုန်ပင်ဆည်ကျေးရွာ၌ RBF စီမံကိန်းထောက်ပံ့ငွေ သိန်း ၃၀၀ သက်မွေးအစုအဖွဲ့ ထည့်ဝင်ငွေ သိန်း ၁၀၀ စုစုပေါင်းငွေကျပ်သိန်း ၄၀၀ ဖြင့် အစုအဖွဲ့(၄)စုမှ သမဝါယမအစုအဖွဲ့စနစ်ဖြင့် နိုင်ငံခြားမျိုး (ဖရီရှန်) နို့စားနွားမွေးမြူခြင်းကို (၁)ဖွဲ့လျှင်(၃)ကောင်စီဖြင့် စုစုပေါင်း(၄)ဖွဲ့မှ (၁၂)ကောင်မွေးမြူထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး RBF စီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အသေးစား အလတ်စား လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိလာမည်ဖြစ်ကြောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း မိသားစုဝင်ငွေတိုးပွားလာခြင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ငွေကြေးစီမံခန့်ခွဲမှု ဗဟုသုတနှင့် နည်းပညာများရရှိလာမှာ ဖြစ်သည့်အတွက် စီမံကိန်းအား အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)