ဒီဇင်ဘာ - ၂၉ ( တနင်္ဂနွေနေ့ )
အမေရိကန်အောက်လွှတ်တော်မှာ ၁၉၉၇ ခုနှစ်ကနေ ယနေ့အထိ လိင်ပိုင်းဆိုင်ရာစော်ကားမှု အပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတွေကြောင့် ဒဏ်ကြေးဆောင်ရတဲ့ အမတ်တွေရှိရာ ၎င်းတို့ရဲ့အမည်တွေကို ဖော်ထုတ်ကြေညာပေးပါလို့ ရိပါပလင်ကင်ပါတီရဲ့ ကန်တက်ကီပြည်နယ် အမတ် သောမတ်မက်ဆီ နဲ့ ဂျော်ဂျီယာပြည်နယ်အမတ် မာဂျိုရီတေလာ ဂရင်းနေး တို့က တောင်းဆိုလိုက်ပါတယ်။ အောက်လွှတ်တော် အမတ်တွေ အဲ့ဒိအမှုူနဲ့ ဒဏ်ကြေးဆောင်ရတာ ကန်ဒေါ်လာ ၁၇ သန်းကျော်တောင်ရှိတယ်လို့ ၎င်းတို့က ဆိုပါတယ်။
မက်ဆီက “ ကျမတို့ကွန်ဂရက်မှာ အမတ်တွေ လိင်ပိုင်ဆိုင်ရာစော်ကားမှုကြောင့် ဒဏ်ကြေးဆောင်နေရတယ်။ အဲ့ဒါကို ကွန်ဂရက်က တိတ်တိတ်လေး ဖြေရှင်းပေးနေကြတယ်။ အမတ်တွေ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ်နေတယ်ဆိုပြီး ဝါးလုံးချေးသုတ်ပြီး အရမ်းခံနေရတယ်။ ကျမသိရသလောက်ဆိုရင် ဒဏ်ကြေးငွေ ပမာဏက ၁၉၉၇ ကနေ ဒီနေ့အထိဆိုရင် ၁၇ သန်းကျော်နေပါပြီ။ ဒါတွေကို ကွန်ဂရက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသင့်ပါတယ်” လို့ ဆိုပါတယ်။
ကွန်ဂရက်မှာ မက်ဆီရဲ့ အဆိုကို ဂရင်းနေးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။ သူမက သူမရဲ့ X မီဒီယာ စာမျက်နှာမှာ “ လွှတ်တော်အမတ်တွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုဒဏ်ကြေးကို ပွင့်ပွင့်လင်းလင်း ထုတ်မဖော်လို့ကတော့ လွှတ်တော်ထဲမှာ အမှိုက်တွေ စုပုံလာလိမ့်မယ်။ အခြားသူတွေအတွက်လည်း ထည့်စဉ်းစားပေးသင့်တယ်။ နောက်ထပ်ဖြစ်လာမည့်အရာတွေကိုလည်းတားဆီးသင့်တယ်” လို့ ရေးတင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ကွန်ဂရက်လွှတ်တော် အလုပ်ခွင်အခွင့်အရေးများရုံး (OCWR) သည် အဆိုပါပြဿနာကို ကိုင်တွယ်ပါတယ်။ ၁၉၉၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း OCWR သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် လစာအငြင်းပွားမှုများကဲ့သို့သော ကိစ္စရပ်ပေါင်း ၃၀၀ နီးပါးကို ဖြေရှင်းခဲ့ပြီး ဒေါ်လာ ၁၇ သန်းကျော် ဒဏ်ရိုက်ခဲ့ပါတယ်။ အဲ့ဒိအမှုတွေမှာ ပါဝင်ပတ်သက်သူများ၏ အထောက်အထားများကို ရုံးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment