လာမယ့် နှစ် ၃၀ အတွင်း AI က လူသားမျိုးနွယ် ၂၀ % ကို အပျောက်ရှင်းလိမ့်မယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာမယ့် နှစ် ၃၀ အတွင်း AI က လူသားမျိုးနွယ် ၂၀ % ကို အပျောက်ရှင်းလိမ့်မယ်လို့ဆို


ဒီဇင်ဘာ - ၂၉ ( တနင်္ဂနွေနေ့ ) 

AI ( ဉာဏ်ရည်တု ) နဲ့ပတ်သက်လာရင် ရှေ့ပြေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ် ၊ ၂၀၂၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဂျီရော့ဖရေး ဟင်တန်က လာမယ့်နှစ် ၃၀ အတွင်းမှာ အေအိုင်က လူသားမျိုးနွယ် ၂၀ % ကို မျိုးသုဉ်းသွားစေမယ်လို့ ဆိုလိုက်ပါတယ်။ အဲ့ဒိခန့်မှန်းချက်ကို မနှစ်ကနေ စပြီးဟောကိန်းထုတ်ခဲ့ရာ တစ်နှစ်အတွင်းမှာပဲ သူ့ရဲ့ ဟောကိန်းက ၁၀ % တက်လာခဲ့ပါတယ်။ 

ကြာသပတေးနေ့တွင်  ဘီဘီစီရေဒီယို(4) နဲ့ အင်တာဗျူးမှာ ဟင်တန်က  အေအိုင်မျိုးဖြုတ်မှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေကို ပြောပါလို့ မေရာတွင် သူက အခုတော့ ၁၀% မဟုတ်တော့ဘူး ၂၀ % သေချာသွားပြီ လို့ ဆိုပါတယ်။  အဲ့ဒိအင်တာဗျူးကို တက်ရောက်လာတဲ့ ကွန်ပြူတာပညာရှင် ယခင်ဂူဂဲလ်နည်းပညာအတိုင်ပင်ခံ ဆာဂျစ်ဂျာဗစ်ကလည်း “အရင်က တစ်ခါမှ မြင်ဘူးတဲ့ထက်မြက်မှုတွေကို ကျနော်တို့မြင်တွေ့နေရတာပါ။ တစ်ခုခုဖြစ်လာမယ်ဆိုတာကတော့ သေချာပါတယ်။ ဟင်တန်ပြောတာတွေက တကယ်ဖြစ်လာတော့မှာတော့ သေချာပါတယ်” လို့ ဆိုပါတယ်။ 

AI ၏  ပံ့ပိုးကူညီမှုများကြောင့် ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သော ဗြိတိန်-ကနေဒါ သိပ္ပံပညာရှင် ဟင်တန် က အဆင့်မြင့် AI စနစ်များကို ထိန်းချုပ်ရန် စိန်ခေါ်မှုများအား မီးမောင်းထိုးပြခဲ့ပါတယ်။ 

AIရဲ့တိုးတက်မှုက  "ကျွန်ုပ်မျှော်လင့်ထားသည်ထက် များစွာမြန်နေတယ်"လို့ ဟင်တန်က  မှတ်ချက်ပြုခဲ့ပြီး ဘေးကင်းစေရန်အတွက် စည်းမျဉ်းများတောင်းဆိုခဲ့ပါတယ်။ ကော်ပိုရေးရှင်းတွေက အမြတ်အစွန်း များများရတယ်ဆိုတဲ့ စေ့ဆော်ချက်များကိုသာ အားကိုးခြင်း မပြုရန် သတိပေးခဲ့ပါတယ်။ "ထိုကုမ္ပဏီကြီးများက  ဘေးကင်းရေးဆိုင်ရာ သုတေသနများ ပိုမိုလုပ်ဆောင်ရန် တစ်ခုတည်းသော အရာမှာ အစိုးရ၏ စည်းမျဉ်းစည်းကမ်းတွေပဲဖြစ်တယ်" လို့ ဆိုပါတယ်။  

ဟင်တန်က AI စနစ်များသည် နောက်ဆုံးတွင် လူသားတို့၏ ဉာဏ်ရည်ကို ကျော်လွန်သွားပြီး လူသားတို့၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ လူသားများကို ကပ်ဘေးဖြစ်စေနိုင်တယ်လို့ ယုံကြည်သူဖြစ်ပါတယ်။ သူသည် AI ဘေးကင်းမှုနှင့် ကျင့်ဝတ်ဆိုင်ရာအသုံးပြုမှုသေချာစေရန်အတွက် အရေးပါသောအရင်းအမြစ်များကို အပ်နှံကာ အချိန်မနှောင်းမီ ကြိုတင်လုပ်ဆောင်ရမည့် အစီအမံများအတွက် အရေးတကြီးလိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)