NATO အဖွဲ့ထဲကို ဝင်လိုက်တဲ့ ဆွီဒင်မှာ သင်းချိုင်းလုပ်ဖို့ နေရာသစ်တွေရှာနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NATO အဖွဲ့ထဲကို ဝင်လိုက်တဲ့ ဆွီဒင်မှာ သင်းချိုင်းလုပ်ဖို့ နေရာသစ်တွေရှာနေရ


ဒီဇင်ဘာ - ၂၉ ( တနင်္ဂနွေနေ့ ) 

ဒီနှစ်အစောပိုင်းမှာ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ ဆွီဒင်နိုင်ငံက ရုရှား- ယူကရိန်း ပဋိပက္ခထဲကို အလိုလိုဝင်မိရက်သားဖြစ်သွားပြီး စစ်ပွဲထဲကို ဆွီဒင်သားတွေ လွှတ်မိလို့ အခုတော့ ထောင်နဲ့ချီတဲ့ အလောင်းတွေအတွက် သင်းချိုင်းမြေချဲ့နေရတယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဆွီဒင်နိုင်ငံရှိ နာရေးကူညီမှုအသင်းများသည် စစ်ပွဲအတွင်း လူထောင်ပေါင်းများစွာကို သင်္ဂြိုဟ်ရန်အတွက် မြေအလုံအလောက်ရရှိရန် ရှာဖွေနေကြောင်းဆိုပါတယ်။ ဆွီဒင်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဂိုသမ်ဘာဂ် ရှိ သင်္ချိုင်းအသင်းသည် သေဆုံးသူ ၃ သောင်း ခန့်အတွက် သင်္ချိုင်းမြေနေရာများကို ပုံမှန်အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်အရာများအပြင် အပိုမြေနေရာများရယူရန် ကြိုးပမ်းနေကြောင်း အေပီသတင်းဌာနက စနေနေ့တွင် ရေးသားခဲ့ပါတယ် ။

ဆွီဒင်မီဒီယာများကလည်း ဆွီဒင်အနေနဲ့ အဲ့ဒိ စစ်ပွဲကြီးတစ်ခုလုံး အတွင်း ထဲထဲဝင်ဝင် ဝင်ရောက်မည်ဆိုပါက အာဏာပိုင်များအနေနဲ့ သေဆုံးသူဦးရေ ၅သိန်းအထိ တိုးလာနိုင်တယ်ဆိုတာ မျှော်လင့်ထားရမယ်လို့  ယခုလအစောပိုင်းတွင် ဖော်ပြခဲ့ပါတယ်။

“မြို့ကြီးတွေမှာ… မြေယာအရင်းအမြစ်တွေက ရှားပါးနေပြီး စစ်မက်ကင်းတဲ့အချိန်တွေမှာတောင် သင်္ချိုင်းမြေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲတမ်း မလုံလောက်ပါဘူး”လို့ ဂိုတီဘော့ နာရေးကူညီမှုအသင်းမှ   အကြီးတန်းအကြံပေး Katarina Evenseth ကတ်ထရီနာ အီဗန်ဆက်သ် က ဆိုပါတယ်။ 

အောက်တိုဘာလတွင်၊ ဆွီဒင်အရပ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေအေဂျင်စီ (MSB) သည် လက်နက်ကိုင်ပဋိပက္ခအတွင်း ရှင်သန်နေထိုင်နည်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အတူ အရပ်ဘက်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ “အကျပ်အတည်း သို့မဟုတ် စစ်ပွဲအတွင်း” ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်၊ သွေးထွက်ခြင်းကို ရပ်တန့်နည်းနှင့် အခြားအကြံပြုချက်များ ပါရှိပါတယ်။

“အမျိုးသားလုံခြုံရေးအခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အမျိုးမျိုးသော အကျပ်အတည်းတွေကို ခံနိုင်ရည်ရှိဖို့နဲ့ နောက်ဆုံးမှာတော့ စစ်ပွဲကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်” ဟု MSB ညွှန်ကြားရေးမှူးချုပ် မိုက်ကယ် ဖရိုင်ဆယ် က ပြီးခဲ့သည့်လက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့တယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)