အဂတိလိုက်စားမှု ပပျောက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းတစ်ခုလုံး လိုက်နာကျင့်သုံးရန် ဒေါက်တာအောင်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု ပပျောက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းတစ်ခုလုံး လိုက်နာကျင့်သုံးရန် ဒေါက်တာအောင်ကြီး ပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄/၂၀၂၄ ကို ၂၇-၁၂-၂၀၂၄ ရက်နေ့က ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာဝန်ကြီးဌာန (CPU) ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် (CPU) အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးက (CPU) အဖွဲ့အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လစဉ်အစီရင်ခံစာများတွင် အချက်အလက်များ ပြည့်စုံစွာဖော်ပြရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းရပ်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းတစ်ခုလုံး လိုက်နာကျင့်သုံးရေး၊ မိမိတို့ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းအသီးအသီးနှင့် ထိတွေ့ဆက်ဆံသော နေရာဒေသများတွင် အဂတိလိုက်စားမှု၏ဆိုးကျိုးများကို အသိပညာပေးစည်းရုံးဆွေးနွေးသွားကြရန် ဆွေးနွေးမှာကြားပြီး ဝန်ကြီးဌာနမှ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programmee – PFP) ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးသည်။

ဆက်လက်၍ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တင်ပြကြရာ (CPU) အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU)အဖွဲ့က ဌာနများအတွင်း အဂတိလိုက်စားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုအရဆောင်ရွက် ပေးမှု (၄၄)ကြိမ်၊ အသိပညာပေး ဟောပြောမှု ၅၅၇ ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၃၇၅၆ စောင်၊ သင်တန်းပို့ချမှု (၂၂)ကြိမ်နှင့် အလုပ်ရုံဆွေးနွေး ပွဲ (၁၀)ကြိမ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)