မြန်မာနိုင်ငံအတွင်း၌ ရှိနေသော လူဦးရေ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် (၅၁,၃၁၆,၇၅၆) ဦး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအတွင်း၌ ရှိနေသော လူဦးရေ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် (၅၁,၃၁၆,၇၅၆) ဦး


နေပြည်တော်၊ ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပြည်သူ့အင်အားဦးစီးဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ရှေ့ပြေး လူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံအတွင်း၌ ရှိနေသူဦးရေမှာ (၅၁,၃၁၆,၇၅၆) ဦးဖြစ်ပါသည်။ အဆိုပါစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂,၁၉၁,၄၀၇) ဦးနှင့် စာရင်းမကောက်ယူနိုင်သည့်ဒေသများ အတွက် ခန့်မှန်းလူဦးရေ (၁၉,၁၂၅,၃၄၉) ဦး ပါဝင်ပါသည်။ ကောက်ယူရရှိသည့် စာရင်းအရ ကျား ဦးရေမှာ (၁၅,၁၀၅,၂၁၅) ဦးနှင့် မ ဦးရေမှာ (၁၇,၀၈၆,၁၉၂) ဦးဖြစ်၍ အမျိုးသမီးဦးရေ ပိုများသည်ကို တွေ့ရှိရပါသည်။ အမျိုးသား (၄၆.၉) ရာခိုင်နှုန်းဖြစ်၍ အမျိုးသမီး (၅၃.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျား/မ အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု (စာရင်းမကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေအပါအဝင်)ကို ဇယားများဖြင့် ဖော်ပြထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေစာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် www.dop.gov.mm တွင် ရယူနိုင်ရန် ထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)