မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် သရက်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် သရက်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး


သရက်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ သရက်ခရိုင်တရားသူကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး၊ မြို့နယ်တရားသူကြီးတို့နှင့်အတူ ၂၇-၁၂-၂၀၂၄ ရက်နေ့က သရက် အကျဉ်းထောင်အား သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသား၊ အကျဉ်းသူများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ၊ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှဉ်း ပန်းနှိပ်စက်မှုများ ရှိ၊ မရှိ၊ သောက်သုံးရေ သန့်ရှင်းစင် ကြယ်မှုရှိ၊ မရှိ၊ အစားအသောက် အာဟာရသင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှုရှိ၊ မရှိ၊ နေရာ ထိုင်ခင်း သက်သာချောင်ချိမှု၊ သန့်ရှင်းမှု ရှိ၊ မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင် လေထွက် ကောင်းမွန်မှု ရှိ၊ မရှိ၊ အမျိုးသမီး အကျဉ်းသူများ၊ အချုပ်သားများအား အကာအရံ လုံခြုံစွာဖြင့် အမျိုးသမီးအဖော် များနှင့်၊ စောင့်ရှောက်မှု ရှိ၊ မရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့် အချုပ်တရားခံများ ရှိ၊ မရှိ၊ လူ့အခွင့်အရေးများ ချိုးဖောက်မှု ရှိ၊ မရှိနှင့် ကျန်းမာရေးစောင့် ရှောက်ထားရှိမှုတို့ကို စစ်ဆေး ကြည့်ရှုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များ အပေါ်  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

သရက်အကျဉ်းထောင်အတွင်း အပြစ်ကျ အကျဉ်းသား ကျား(၆၆၂) ဦး၊ မ(၈၁)ဦး စုစုပေါင်း(၇၄၃) ဦးနှင့် တရားရုံးစစ်ဆေးဆဲအချုပ် သား ကျား(၃၁)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၄၃)ဦးရှိကြောင်း သိရသည်။


ဇော်ဝမ်းထွန်း(အောင်လံ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)