နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပအဖျက်သမားအင်အားစုများသည် တပ်တွင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန်ရည်ရွယ်၍ နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့်စည်းလုံး ညီညွတ်မှုရှိရေးသည် အသက်တမျှအရေးကြီးကြောင်း။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအား ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားသည့် အမှာစကားမှ -
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment