ကျုံပျော်၊ ဒီဇင်ဘာ ၂၉
စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ (စူပါဘိုကာရှီ) လက်တွေ့ပြုလုပ်သုံးစွဲခြင်းနှင့် ပေါင်းလိုက်သမန်းနှိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်နံနက်က ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် ကိုယ်စားပြုရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို၎င်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က နွေစပါးပန်းတိုင်တင်း ၁၁၀ ထွက်ရှိရေး၊ မြေဆီလွှာပျက်စီးမှုကာကွယ်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်စေရန် ယခုသဘာဝမြေဩဇာ (စူပါဘိုကာရှီ) အသုံးပြုရေးနှင့် မြေဆီလွှာဂေဟစနစ် ကောင်းမွန်လာခြင်းနှင့်အတူ တောင်သူများ တစ်ဧကကုန်ကျစရိတ် သက်သာစေနိုင်ရေးတို့ကို နည်းပညာပေးပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာ (စူပါဘိုကာရှီ) မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်နှင့် သဘာဝမြေဩဇာနှင့် ယူရီးယား (၃း၁) ကို အချိန်ကိုက်အချိုးညီသုံးစွဲပြီး စပါးခင်း ပေါင်းလိုက်သမန်းနှိုးခြင်းတို့ကို တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment