နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း (မြောက်)ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း (မြောက်)ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်





နေပြည်တော်၊ ဒီဇင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ၂၇-၁၂-၂၀၂၄ ရက်နေ့က အဆိုပါစာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ“အနာဂတ်ရဲ့ကြယ်ပွင့်က‌လေးများ” စာကြည့်တိုက် အဆောက်အဦအသစ်ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျ ပြုစုတည်ဆောက်ရမှာဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊လူရွယ်များအား အဓိကပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ပါ‌ကြောင်း၊ စာပေဖတ်ရှု လေ့လာခြင်းမှ အသိပညာဗဟုသုတများစွာ ရရှိနိုင်သဖြင့်စာအုပ်စာပေလေ့လာ ဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ လူငယ်များ အပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖ များ၊ အုပ်ထိန်းသူများ အနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာ စာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက် တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး "အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ" စာကြည့်တိုက်မှူးထံ အလှူရှင်များက အလှူငွေများနှင့် စာအုပ်စာစောင်များ လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ ထို့နောက် တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး‌ဇော်မင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်အတွင်း  ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများစာအုပ်စာပေလေ့လာ ဖတ်ရှုနေမှုနှင့်  စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဥတ္တရသီရိမြို့နယ် ဇလောင်း (မြောက်)ကျေးရွာတွင် “ဉာဏသုခစာကြည့်တိုက်” ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကဖြင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြပြီး ဇလောင်းကျေးရွာမှ "ရွှေညီအစ်ကို" ဆိုင်းအဖွဲ့က မြိုင်မြိုင်ဆိုင်ဆိုင် ကပြကြိုဆိုကြသည်။

အခမ်းအနားတွင် ဇလောင်း (မြောက်)ကျေးရွာတွင်  “ဉာဏသုခ" စာကြည့်တိုက် အဆောက်အဦ အသစ်ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်တိုင်းဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျ ပြုစုတည်ဆောက်ရမှာဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ "သုတအလင်း" စာကြည့်တိုက်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာမှာ “ပန်းရဂုံ” စာကြည့်တိုက်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ“လမ်းပြကြယ်စာကြည့်တိုက်၊ ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ "အနာဂတ်ရဲ့ကြယ်ပွင့် ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း (မြောက်) ကျေးရွာ“ဉာဏသုခ” စာကြည့်တိုက်တို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊  ကျေးလက်နေပြည်သူ များ အနေဖြင့်လည်း စာအုပ်စာပေကိုခင်တွယ်ပြီး တန်ဖိုးထားဖတ်ရှုကြရန်လိုပါတယ်၊ စာအုပ်စာပေလေ့လာ ဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ သို့မှသာအမှား/ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုး အားထားပြုရမည့် နိုင်ငံ့သားကောင်းများ ဖပေါ်ထွန်းလာမှာဖြစ်ပါ ကြောင်းပြောကြားသည်။

ထို့နောက်  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး “ဉာဏသုခ” စာကြည့်တိုက်မှူးထံ အလှူရှင်များက အလှူငွေများနှင့် စာအုပ်စာစောင်များ လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်အတွင်း  ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စာအုပ်စာပေလေ့လာဖတ်ရှုနေမှုနှင့်  စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


အောင်မျိုးဝင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)