အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇-၁၂-၂၀၂၄ ရက်နေ့က ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမား ဖြစ်ရပ်အများစုသည် မိသားစုစီးပွားရေးမပြေလည်သဖြင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းအတွက် အခမဲ့ပညာသင်ကြားရေးနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေးနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးမှုများသည် အရေအတွက်ထက် ပြန်လည်အသုံးချနိုင်သည့်အဆင့်ထိ သင်ကြားပေးရန်လိုကြောင်း၊ အဓမ္မခိုင်းစေခံရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတွင် အသိပညာများရရှိ လာစေခြင်း၊ အဆိုးရွားဆုံးခိုင်းစေခံရခြင်းမှ လျော့နည်း လာစေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)