နေပြည်တော်၊ ဒီဇင်ဘာ ၂၉
လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟို သင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးဝင်းဖေက မိမိတို့ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၌ပါရှိသည့် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများ လက်အောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲများအဖြစ် ပင်မ ဓာတ်ခွဲခန်း သုံးခု၌ သက်ဆိုင်ရာဒီဇိုင်းဌာနခွဲများနှင့် အရည်အသွေးကွပ်ကဲရေးဌာနခွဲများအတွက် အထောက်အကူအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်းသားများကို မှာကြားလိုသည်မှာ ဘေလီတံတား တည်ဆောက်ခြင်းနှင့်ပတ်သက်၍ သမိုင်း ကြောင်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လက်သုံးကိရိယာများအကြောင်းနှင့် Single Bailey ၊ Double Single Bailey တံတားများ တပ်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာဒေသများတွင် ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားနေရာများတွင် ဘေလီတံတား အစားထိုးရန် လိုအပ်လာသည့်အခါ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ယခုသင်တန်းမှပို့ချပေးသည့် ဘေလီတံတား လက်တွေ့တည်ဆောက်ခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ပေါင်းစပ်ပြီးကျွမ်းကျင်စွာဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းမှာကြားပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ထို့နောက် လမ်းဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ(ရန်ကုန်)ရှိ ဓာတ်ခွဲခန်းများ၊ တံတားဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (ရန်ကုန်) ရှိ ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်မှုရှိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ မိမိပတ်ဝန်းကျင်နှင့် ရုံးအဆောက်အအုံအတွင်း လုံခြုံရေးဂရုပြုနေထိုင်ရန်နှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment