ပဲခူး၊ ဒီဇင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ဒီဇင်ဘာလ(၂၆)ရက်နေ့မှဇန်နဝါရီလ(၁)ရက်နေ့အထိ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။
အဆိုပါ သွားတုများတပ်ခြင်းပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းပြုလုပ်နေမှု့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်မာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာဇော်မင်းထွန်း၊ ပဲခူးဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့မှ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးနေခြင်းကို ကြည့်ရှု့ပြီး သွားတုများတပ်ဆင်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့်အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးနေမှုအားကြည့်ရှု့ပြီး ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့်လူနာများအား အားပေးစကား ပြောကြားခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ခြင်းပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းကို ဒီဇင်ဘာလ (၂၆)ရက်နေ့မှ ဇန်နဝါရီလ (၁)ရက်နေ့အထိ ကုသပေးမည်ဖြစ်ပြီး သွားတုတပ်ဆင်ပေးခြင်းကို ပဲခူးတိုင်းဒေသကြီး(အရှေ့) မြို့နယ်(၁၄) မြို့နယ်မှ သက်ကြီးဘိုးဘွား(၇၁)ဦးအားလည်းကောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသပေးခြင်းအား တစ်နေ့လျှင်လူနာ(၂၀)ဦးနှုန်းဖြင့်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားနှင့်ခံတွင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ဦးဆောင်သည့် သွားဆရာဝန်များ၊ သွားတုပညာရှင်များမှ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ကြပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွက် ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆက်လက်ကုသပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment