ပုဂ္ဂလိကသစ်တော စိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကသစ်တော စိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်


နေပြည်တော်၊ ဒီဇင်ဘာ ၃

ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်၊ ဝါးနှင့် ပရိဘောဂ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိမည်ဟုခန့်မှန်းကြောင်း၊ သစ်အခြေခံစက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အတွက် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်သစ်များရှာဖွေခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း။

သစ်အခြေခံပုဂ္ဂလိကကဏ္ဍ၏ ပြည်ပဝင်ငွေမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ သန်းကျော် ရရှိခဲ့ပြီး ယခုထက်ပို၍ ရရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဌာနနှင့်လုပ်ငန်းရှင်များ ပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သစ်၊ ဝါး၊ ကြိမ် အခြေခံအချောထည်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သစ်အခြေခံစက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ ခုတ်လှဲထုတ်လုပ် ရောင်းချခြင်း၊ သစ်၊ ဝါး၊ ကြိမ် အချောထည်များနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ပြည်ပတင်ပို့ခြင်း ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် အုပ်စုအဖွဲ့များခွဲ၍ ဌာနနှင့် ပုဂ္ဂလိကစိုက်ခင်းကဏ္ဍမှ ကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိရေး၊ သစ်အခြေခံစက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)