ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပလျက်ရှိရာပွဲတော်သို့ လာရောက်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို လမ်းမမြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် (၁)လမ်းထိပ်မှ လမ်းမတော်လမ်းအထိ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ဆိုင်များဖြင့် ဆိုင်ခန်းပေါင်း(၂၀၀)ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment