နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် China-ASEAN Economic and Trade Cooperation International Forum & 2024 Annual Meeting of the China Association for International Economic Cooperation သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် China-ASEAN Economic and Trade Cooperation International Forum & 2024 Annual Meeting of the China Association for International Economic Cooperation သို့ တက်ရောက်





နန်နင်း၊ ဒီဇင်ဘာ ၃၀

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Guangxi University ၌ ၂၈-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် China-ASEAN Economic and Trade Cooperation International Forum & 2024 Annual Meeting of the China Association for International Economic Cooperation သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ပါဝင်တက်ရောက်ခဲ့သည်။

 အဆိုပါဖိုရမ်ကို တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ စီးပွားရေးပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးရန်နှင့် စီးပွားရေးပညာဘာသာရပ်နှင့်ပတ်သက်၍ တရုတ်နှင့် အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖိုရမ်၌ Guangxi University ၏ ပါတီကော်မတီအတွင်းရေးမှူး Mr. Li Guozhong၊  China International Economic Cooperation Society ၏ ဥက္ကဋ္ဌ Ms. Gao Yuanyuan နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) Mr. Chen Jian တို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ 

အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘော ဒီးယားနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ စီးပွားရေးပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ နန်နင်းမြို့အခြေစိုက် မလေးရှားနှင့် ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကောင်စစ်ဝန်များ တက်ရောက်ခဲ့ကြသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)