ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ကျင်းပ



ရမည်းသင်း၊ ဒီဇင်ဘာ ၃၀

ရမည်းသင်းခရိုင် အခြေခံပညာဦးစီးဌာနနှင့် World Peace Ethies Clup အဖွဲ့တို့ ပူးပေါင်း၍ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုတပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးသောင်းအေးက ကြီးကြပ်‌ရေးမှူး ရမည်းသင်း/ ပျော်ဘွယ်တို့မှ ဆရာမများအား စည်းမျဥ်းစည်းကမ်းများကို ချပြရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ စာမေးပွဲအား စတင်ဖြေဆိုခဲ့ကြရာ စာမေးပွဲတွင် ရမည်းသင်း/ပျော်ဘွယ်မြို့နယ်တို့ရှိ အခြေခံပညာကျောင်း(၁၀)ကျောင်းမှ ကျောင်းသား/သူ အထက်တန်းဆင့် ၉၀ ဦး၊ အလယ်တန်းအဆင့် ၉၀ ဦး၊ မူလတန်းအဆင့် ၉၀ ဦး စုစုပေါင်း ကျောင်းသား/သူ ၂၇၀ ဦးမှ ဖြေဆိုခဲ့ကြပြီး စာမေးပွဲဖြေဆိုကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးသောင်းအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီးမင်းဟန်၊ ခရိုင်လဝကဦးစီးမှူး ဦးစိုးမြင့်၊ ခရိုင်သာသနာရေးမှူး ဦးသန်းညွန့်၊ ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုး၊ World Peace Ethies Clup အဖွဲ့ဝင်များရမည်းသင်း/ ပျော်ဘွယ်မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/ဆရာမများ၊ ရမည်းသင်း/ ပျော်ဘွယ်မြို့နယ်မှ ပြိုင်ပွဲဝင်ကြမည့် ကျောင်းသား/သူ ၂၇၀ဦး၊ စုစုပေါင်း ၃၁၀ဦးခန့် တက်ရောက်တက်ကြကြောင်း သတင်းရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)