ဒီဇင်ဘာ - ၃၁ ( အင်္ဂါနေ့ )
အစ္စရေးစစ်တပ်က အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖျက်မှုတွေပြုခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ New York Times က မကြားသေးမီက ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒိသတင်းဖော်ပြချက်မှာ သေဆုံးသူပါလက်စတိုင်းတွေကို စာရင်းဇယားနဲ့ ထုတ်ပြန်တာမဟုတ်ဘဲ၊ သေဆုံးရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အဓိကကျတဲ့ စာရင်းတွေကိုတော့ ချန်လှပ်ထားပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် NYTရဲ့ သတင်းတစ်ခုမှာ မထင်မရှား အကြမ်းဖက်ဟားမတ်အဖွဲ့ ပစ်မှတ်တစ်ခုကို အစ္စရေး လေတပ်က ဗုံးကျဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အရပ်သား ၂၀ ဦးသေဆုံးခဲ့တယ်လို့ သတင်းစာက ဗုံခွံတစ်ခုပုံကိုပြပြီး သတင်းတင်ပြခဲ့ပါတယ်။ အဲ့ဒိသတင်းဆောင်းပါး အဆုံးမှာ “ အရင်တုန်းက အစ္စရေး စစ်တပ်မှာ သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေ အခုတော့ မရှိတော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
၂၀၂၄ ဧပြီလအစောပိုင်းတွင် +972 မဂ္ဂဇင်းက အစ္စရေးစစ်တပ်တွင်းရှိ သတင်းရင်းမြစ်များကို ကိုးကားပြီး အစ္စရေးစစ်တပ်က အရပ်သားအစုလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ရေးသားတင်ပြထားတာတွေတော့ ရှိပါတယ်။ +972 ရဲ့ ဆောင်းပါးမှာ ဟားမတ် တပ်ရင်းမှူး ဝီဆမ်ဖာဟတ် ကို သတ်ဖြတ်ခဲ့သော အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုက အရပ်သား ၁၀၀ ကို သတ်ရန် ခွင့်ပြုထားသလိုဖြစ်နေကြောင်း ဖော်ပြထားပါတယ် ။ ဟားမတ်စ် ဗဟိုဂါဇာတပ်မဟာမှူး အေမန်နိုဖယ် ကိုသတ်ဖြတ်ဖို့အတွက် ကြိုးစာရာမှာ အရပ်သား ၃၀၀ ခန့်သေဆုံးခဲ့ရတယ် လို့လည်း ဆိုပါတယ်။ အဲ့ဒိဖြစ်ရပ်က အလွန်အရုပ်ဆိုး အကျည်းတန်ပါတယ်။ အဲ့ဒါတွေကို အစ္စရေးစစ်တပ်က ငြင်းဆိုထားပါတယ်။
အစ္စရေးစစ်တပ်က ဟားမတ် အကြီးတန်အရာရှိတွေကို လုပ်ကြံဖို့ကြိုးစားတဲ့အခါတိုင်း အရပ်သားသေဆုံးမှုတွေက ရာနဲ့ချီပြီး ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံးစမ်းစစ်ဆေးမှုတွေကို လုပ်သင့်ကြောင်းနဲ့ +972 ရဲ့ သတင်းတင်ပြမှုတွေက ၂၀၂၃ ကတည်းက လုပ်ပြီးမှ ၂၀၂၄ မှာ ရေးသားတင်ပြခဲ့ကြောင်း NYT က ဖော်ပြခဲ့ပါတယ်။ အဲ့ဒိလိုဖြစ်စဉ်တွေက ဂါဇာတွင်ဖြစ်ပွားခဲ့တာမဟုတ်ဘဲ လစ်ဘနွန်မှာလည်း အစ္စရေးစစ်တပ်က လုပ်ခဲ့တယ်လို့လည်းပြောပါတယ်။ ဟစ္စဘိုလာအတွင်းရေးမှူချုပ် ဆေးရက်ဟတ်ဆန်နက်ရှလားကို လုပ်ကြံမှု၌လည်း ဘေရွတ်တောင်ပိုင်းက အရပ်သားအဆောက်အအုံများစွာကို အစ္စရေးကလေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၃၀၀ ခန့်ရှိခဲ့လိမ့်မယ်လို့ သတင်းဌာနက ဆိုပါတယ်။
အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေတာတွေရှိတဲ့အတွက် အခုလိုမျိုး အရပ်သားသေဆုံးမှုတွေ ရှိနေတာမှန်ပေမဲ့ အစုလိုက်အပြုံလိုက်သေစေတတ်မှုကို ရှောင်ကျဉ်နိုင်အောင် အစ္စရေးစစ်တပ်လုပ်သင့်တယ်လို့လည်း သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment