ဒီဇင်ဘာ - ၃၁ ( အင်္ဂါနေ့ )
အာဖဂန်တာလီဘန် ထိပ်တန်းခေါင်းဆောင် ဟီဘတူလာအက်ဟွန်ဇာဒါ က အမျိုးသမီးများနေထိုင်တဲ့ နေရာတွေကို မြင်နိုင်တဲ့ အဆောက်အအုံ ပြတင်းပေါက်တွေကို ပိတ်ထားရမယ်လို့ ဥပဒေတစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒိဥပဒေက အာဖဂန်မှာ ရှီယားဥပဒေ ကျယ်ပြန့်လာဖို့အတွက် အစိုးရရဲ့ အားထုတ်မှု တစ်ရပ်ဖြစ်ပါတယ်။
တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် က X လူမှုကွန်ယက်စာမျက်နှာ (ယခင် Twitter) တွင် စနေနေ့က ထုတ်ပြန်လိုက်တဲ့ အဆိုပါ ထုတ်ပြန်ချက်တွင် “အဆောက်အအုံ ဆောက်လုပ်နေစဉ်အတွင်း အိမ်နီးချင်း အဆောက်အအုံများနှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်များထားရှိပုံ” ကို ဖော်ပြထားပါသည်။
အဆောက်အအုံသစ်များတွင် “ဝင်း၊ မီးဖိုချောင်၊ အိမ်နီးနားချင်း၏ ရေတွင်းနှင့် အမျိုးသမီးများ အသုံးပြုလေ့ရှိသော အခြားနေရာများ” ကို မြင်တွေ့နိုင်သည့် ပြတင်းပေါက်များ မပါရှိသင့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ် ။ ထိုသို့သော အမြင်များဖြင့်အကယ်၍ ဆောက်လုပ်ပြီးသား အဆောက်အအုံများတွင်လည်း ယင်းကဲ့သို့ ပြတင်းပေါက်များ ပါရှိပါက ပိတ်ဆို့ထားသင့်တယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။
“မီးဖိုချောင်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ခြံဝင်းတွေထဲ၊ ရေတွင်းမှာရေခပ်နေတဲ့ အမျိုးသမီးတွေ ကို ပြတင်ပေါက်ကတွေ့ရင် တွေ့တဲ့လူတွေမှာ ညစ်ညမ်းတဲ့အတွေးတွေပေါ်လာပြီး ညစ်ညမ်းတဲ့ လုပ်ရပ်တွေ ဖြစ်လာ နိုင်တယ်” လို့ ၎င်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။
စည်ပင်နှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များက အဆိုပါ အမိန့်ကို လိုက်နာမှု ရှိစေရန် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ တာလီဘန်များသည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အမေရိကန်တပ်များ နောက်ဆုံးဆုတ်ခွာပြီးနောက် ကဘူးလ်တွင် အာဏာရခဲ့ပြီး ဖြစ်ပါတယ်။ တာလီဘန်တို့က အာဏာသိမ်းပြီးနောက် အလယ်အလတ်လမ်းစဉ်များကျင့်သုံးမည်ဟု ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ အဖွဲ့သည် ဆဋ္ဌမတန်းထက် ကျော်လွန်သည့် မိန်းကလေးများ၏ ပညာသင်ကြားခွင့်ကို တားမြစ်ခြင်း အပါအဝင် Sharia ကန့်သတ်ချက်အများအပြားကို ချမှတ်ခဲ့ပါတယ်။ ထို့အပြင် အမျိုးသမီးများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအများစုတွင် အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ထားပြီး ဝတ်စားဆင်ယင်မှုများကိုလည်း တင်းကျပ်စွာ တားမြစ်ထားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment