မန္တလေး၊ ဒီဇင်ဘာ ၃၁
ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့မှ ဗိုလ်ကြီးဟိန်းဇာနည်ကျော် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များသည် အကြမ်းဖက် အဖွဲအစည်းများ ဝင်ရောက်မှုမရှိစေရန်၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ယူပိုဆောင်မှုမရှိစေရန် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များအား စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်များထံ ပို့ဆောင်ပေးမည့် စက်သုံးဆီ၊ ဆေးဝါပစ္စည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမှ မန္တလေးသို့ မောင်းနှင်လာသော အောင်နိုင်မန်း ခရီးတင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် PDF အကြမ်းဖက် မသင်္ကာသူ ၁ ဦး တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရာ သီဟ ၊အသက်(၂၅)နှစ်၊ စဉ်ပါရွာ၊ ဝက်လက်မြိုနယ်နေသူတွင် ဦးခေါင်း နောက်စိတည့်တည့် ပြတ်ရှဒဏ်ရာနှင့် နောက်ကြော တစ်လျှောက်ရိုက်နှက်ဒဏ်ရာများ တွေ့ရှိရသဖြင့် ဆက်စပ်၍ အကြမ်းဖက်အဖွဲအစည်းများနှင့် ဆက်သွယ်မှု ရှိ/မရှိ သိရှိနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ပေါက်ဆရာတော်ထံ ဆက်သွယ်မေးမြန်းရာ "အလုပ် လုပ်ရင် မိတာပေါ့ကွာ။ ဗိုလ်ကြီး ဟိန်းဇာနည်ကျော်နဲ့ ပူပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိတာ။ အခုလို ပြည်သူတွေရဲ့ တင်ပြမှုတွေအပေါ် အလေးထားပြီး လုပ်ဆောင်မယ်ဆိုရင် အကြမ်းဖက်သမားတွေထံကို စက်သုံးဆီ၊ ဆေးဝါးတွေ ဘယ်ရောက်တော့မလဲ။ အကြမ်းဖက်သမား ဝင်လာရင်လည်း ဖမ်းဆီးနိုင်မယ်။ ဒါမျိုး အလုပ် လုပ်ရမှာ" ဟု ပြောသည်။
ဖမ်းဆီးရမိ ဖြစ်စဉ်များတွင် သံဃာတော်တချို့ကလည်း PDF အကြမ်းဖက်သမားများအတွက် ဆေးဝါး၊ စက်သုံးဆီ ပို့ဆောင်ပေးနေသည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
Join - https://t.me/MyanmarNationalPost








No comments:
Post a Comment