နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲ တက်ရောက်









ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ် ကမ္ဘာအေးစေတီလမ်း LOTTE ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia ၊ တရုတ်ကောင်စစ်ဝန်ချုပ်၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌဦးအိုင်ထွန်း၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌများနှင့် နာယကများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ သမိုင်းကြောင်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တက်ရောက်လာသူများနှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ်ဥက္ကဋ္ဌ၊ အကြီးတန်းဒုတိယဥက္ကဋ္ဌများ၊ နာယကများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။

ယင်းနောက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ သမိုင်းကြောင်းဗီဒီယိုကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့်ဧည့်သည်တော်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

ထို့နောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရကိတ်မုန့်ကို လှီးဖြတ်ပေးခဲ့ကြသည်။

ညစာစားပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးတေးသီချင်းများ၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)