အိမ်မဲ , ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းကြီး၏ (၅၄)ကြိမ်မြောက်အကြို စုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း(သဲကွင်း)၌ ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
(၅၄)ကြိမ်မြောက် အကြိုစုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း (၂၄)သင်း၊ အမျိုးသမီးအသင်း (၈)သင်းတို့ပါဝင် ယှဥ်ပြိုင်ကြပြီး အမျိုးသားပထမဆုရရှိသော ကျန်းမာရေးအသင်း၊ ဒုတိယဆုရရှိသော မြိုမအသင်း၊ အမျိုးသမီးပထမဆုရရှိသော Team of Power အသင်း၊ ဒုတိယဆုရရှိသော ညောင်ငူအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
“အိမ်မဲမြို့နယ်မှာကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ ထည့်သွင်းကျင်းပမည့် ပွဲတော်များအနေနဲ့ကတော့ ဒီဇင်ဘာ(၂၉)ရက်နေ့ညမှာ ကရင်ဒုံးယိမ်းအက၊ ကရင်ဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ (၃၀)ရက်နေ့ မနက်(၅)နာရီ (၃၀)မိနစ်မှာ ကရင်အမျိုးသား အလံတင်အခမ်းအနား၊ မနက်(၆)နာရီ(၃၀)မိနစ်မှာ သက်ကြီးပူဇော်ပွဲ၊ မနက်(၇)နာရီ (၁၅)မိနစ်မှာ ဟောပြောပွဲများနဲ့ ညဘက်မှာတော့ ဆုပေးပွဲနဲ့ Stage Show ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း” ပွဲတော်ကျင်းပရေးကော်မတီဝင် ဒေါက်တာမောင်မောင်စိုး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment