မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် နံရံကပ်စာစောင်ပြသ




မိုးနဲ , ဒီဇင်ဘာ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဉယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် နံရံကပ်စာစောင်ပြသခဲ့ကြသည်။


အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် လွတ်လပ်ရေးရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဗြိတိန်နိုင်ငံသို့သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ၊ တပ်မတော်တွင် ပါဝင်ဆောင်ရွက်ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများပါရှိသော နံရံကပ်စာစောင်ကို ပြသခဲ့ရာ ကျောင်းသား/သူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။ ထိုသို့ နံရံကပ်စာစောင် ပြသလိုက်ခြင်းကြောင်း ကြည့်ရှုခဲ့သောကျောင်းသား/သူလေးများ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် တွေ့မြင်လိုက်ခြင်းကြောင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြန်လည်သတိတရရှိနေစေခြင်း၊ နေ့ကြီးရက်ကြီးများကို ပြန်လည်အမှတ်ရနေစေခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်၏ ဆောင်ရွက်လျက်ရှိသည့် ရှေးလုပ်ငန်းစဉ်များ၊ လက်တလောဖြစ်ပေါ်နေသည့် အကြောင်းအရာများ၊ အများပြည်သူများ သိသည့်သိထိုက်သည့် ကျန်းမာရေးနှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဦးဇင်ကိုကို


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)