မုဒုံမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့်စပါးဧက ၇၅၀၀၀ ကျော် ရိတ် သိမ်းပြီးစီး (၅၂၁၀၄၀၈)တင်းထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့်စပါးဧက ၇၅၀၀၀ ကျော် ရိတ် သိမ်းပြီးစီး (၅၂၁၀၄၀၈)တင်းထွက်ရှိ




မုဒုံ  ,     ဒီဇင်ဘာ    ၂၆


မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများက ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေများကို အသုံးပြု


ကာ မြို့နယ်အတွင်း ကြဲခင်း (၄၃၄၈၄)ဧက၊ ရိုးရိုးပျိုးခင်း (၃၁၇၅၆)ဧက၊ ဘောင်ပျိုးခင်း (၃၄၃)ဧက၊ ကောက်စိုက်စက်/Seeder တို့ဖြင့် (၈၂)ဧက စုစုပေါင်း  မိုးစပါးသီးနှံ ၇၅၆၆၅ ဧကကိုစိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားဧကထက်  ၄၆၉  ဧက ကျော်လွန် စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အဓိကအားဖြင့်  စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ် ဆန်းရင် ၊ ဆင်းသုခမ၊ နောသုခ စသည့်မျိုးကောင်းမျိုးသန့် စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြသည်။


ဒေသခံတောင်သူများက ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရန် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးစပါးများကို ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလအထိ မိုးစပါးစိုက်ဧကများ အားလုံးကို ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် စပါးရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ယခုနှစ်တွင် မိုးစပါး( ၅၂၁၀၄၀၈ ) တင်းထွက်ရှိကာ စျေးကောင်းရရှိကြောင်း သိရသည်။


အောင်မျိုးသူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)