တိုင်းပြည်အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လျက်ရှိသည့် သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများထဲတွင် Khit Thit Media မှ သာလွန်ဇောင်းထက် အား လုပ်ကြံသတင်းများ ဖန်တီးရေးသား ဖြန့်ဝေရန် သီးခြား တာဝန်ပေးထားခြင်း ဖြစ်ကြောင်း DVB သတင်းဌာနနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။
DVB သတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးက "DVB အပါအဝင် ပြည်ပြေး မီဒီယာတွေရဲ့ သဘောသဘာဝ ကတော့ အတူတူပါပဲ။ ဘင်္ဂါလီတွေ ကို လူမျိုးလိမ်အမည်နဲ့ ရေးပေးပါလို့ ငွေကြေးထောက်ပံ့ပေးတဲ့သူ ရှိရင် သူတို့ အဲဒီအတိုင်း ရေးပေးတယ်။ လူ့အခွင့်အရေးတို့ လူသားချင်းစာနာမှု ဆိုတာတွေက အများပြည်သူကို ဖြီးတဲ့ စကားလုံးတွေ။ လိမ်ညာတာတွေပါ။ သူတို့ ငွေရလို့ မဟုတ်တဲ့ အမည်ကို အဟုတ်လုပ်ပြီး ရေးပေးနေတာပဲ။ အဲဒီလူတွေဆီက အထောက်အပံ့ မရတော့ရင် လူမျိုးလိမ်နာမည်လည်း သူတို့ သတင်းစာမျက်နှာတွေမှာ တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါကို အင်အားနဲ့ အသက်သွင်းဖို့ ကြိုးစားတာပေါ့။ ဒီ လူမျိုးလိမ် ကိစ္စမှာတော့ BBC, VOA, RFA, DVB တို့က အဓိက ဦးဆောင်ပြီး သူတို့နဲ့ လက်တွဲတဲ့ မီဒီယာတွေကို မျှဝေထောက်ပံ့ပေးထားတာပေါ့ဗျာ။ အဲဒီလို အကူအညီ အထောက်အပံ့ ယူထားလို့လည်း လူမျိုးလိမ်ကို လက်မခံပါဘူးဆိုတဲ့ ရခိုင်မီဒီယာတွေ ဖြစ်တဲ့ Development Media, Western News ဆိုတာတွေပါ လူမျိုးလိမ်အမည်ကို သုံးစွဲပေးနေတာဆိုတာ အဲဒီ ငွေကြေးအထောက်အပံ့ကြောင့်ပါပဲ။ ကျွန်တော် က အဲဒီ လူမျိုးလိမ်ကိစ္စမှာ DVB နဲ့ လမ်းခွဲခဲ့တယ်။ ဒီနာမည်ကို လူ့အခွင့်အရေး အရ သုံးပေးရမယ်၊ ဘာ ညာ သူတို့တွေက ပြောတယ်။ တခြားသူတွေလည်း ဒီကိစ္စနဲ့ ထွက်ကြသူတွေ မနည်းပါဘူး" ဟု သုံးသပ်ပြောဆိုသည်။
နေ့စဉ်သတင်းလိမ် သတင်းမှားများ လုပ်ကြံဖန်တီးရေးသား ဖော်ပြနေမှုနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုရာတွင် "ပြန်ကြာရေးဌာနက နေ့စဉ်နေ့တိုင်း သတင်းလိမ် သတင်းမှားတွေကို ကောက်နှုတ်ပြီး ထုတ်ပြန်နေရတာ တွေ့တယ်။ RFA ကလည်း သတင်းအမှားတွေ ရေးတာပဲ။ DVB, Mizzima, ဧရာဝတီ စိတ်ကူးထဲတည့်ရာ ရေးတာ။ အဲဒီအထဲမှာ Khit Thit Media က သာလွန်ဇောင်းထက် အဆိုးဆုံးပေါ့ဗျာ။ အရင်ကတော့ ဒီလို အရေးအသားတွေကို DVB က လုပ်တာဗျ။ သာလွန်ဇောင်းထက်တို့ DVB မှာ ရှိစဉ်ကပေါ့ဗျာ။ အခု သာလွန်ဇောင်းထက် က တစ်စင်ထောင်တော့ ဒီကောင့်ကို အဲဒီတာဝန် ပေးလိုက်တာဖြစ်မယ်။ သတင်းအမှား ဆိုရင် Khit Thit က စပြီး တက်လာတာပဲ။ အမှားမှန် သိသိနဲ့ တခြားဟာတွေကလည်း သံယောင်လိုက်ပြီး ရေးတာမျိုးရှိတယ်နော်။ အဲဒီလို ကောင်တွေ ကြောင့် အလုပ်ရှုပ်ရတာပေါ့ဗျာ" ဟု သုံးသပ်ပြောဆိုသည်။
နေ့စဉ် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီး ရေးသားဖော်ပြလျက်ရှိသော သတင်းမှားများကို မြေပြင် ဖြစ်စဉ်မှန်နှင့် တိုက်ဆိုင်စစ်ဆေး၍ "ထုတ်လွှင့်ပြန်ကြား သတင်းမှန်များ" အစီအစဉ်ဖြင့် တုန့်ပြန်ဆောင်ရွက်လျက်ရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment