ရေစကြို၊ ဒီဇင်ဘာ ၇
ရေစကြိုမြို့နယ်၊ မြောက်ပြင်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ဒီဇင်ဘာလ ၆ ရက် နေ့လည် ၁၂ နာရီခန့်က မသင်္ကာသည့် ယာဉ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အတင်းမောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
အဆိုပါ မော်တော်ယာဉ်ပေါ်မှ Glock ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၆ တောင့်၊ Drop Bomb ၃၇ လုံး၊ Drone မော်တာ ၃ ခု၊ Drone ပြုလုပ်သည့် အလူမီနီယမ်ချောင်း ၃ ချောင်း၊ Drone ပန်ကာ ၁၀ ခု၊ အောက်ဆီဂျင်အိုး ၁ လုံး၊ ကား ၁ စီးတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment