အကြမ်းဖက်တွေရဲ့ ယုတ်မာအောက်တန်းကျချက်ကတော့ ကမ်းကုန် နေပါပြီ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက ကမ္မမြို့ လျှပ်စစ်ဓါတ်အားခွဲရုံက လျှပ်စစ်ဓာတ်အားကြိုးဘီးခွေများ၊ Transformen Panel လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးပစ္စည်း၊ လျှပ်စစ်လိုင်းဖြတ်ခလုတ်များ၊ Arm သံချောင်း လက်တန်းတွေကို အကြမ်းဖက် PDF တွေက အဓမ္မယူဆောင်သွားပါတယ်။
လျှပ်စစ်မီးရဲ့ အကျိုးကျေးဇူးကို အားလုံးသိကြပါတယ်။ ပြည်သူများအတွက် နေ့စဉ် လိုအပ်လျက်ရှိသောအရာမှာ လျှပ်စစ်ဓာတ်အားဖြစ်ပြီး နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေချိန်မှာ ယခုလို ကိုယ်ကျိုးအတွက် ကြည့်ပြီး တစ်နပ်စားဉာဏ်နဲ့ အဖျက်အမှောင့် လုပ်တာဟာ ၎င်းဒေသနေ ပြည်သူများအတွက် များစွာဆုံးရှုံးနစ်နာမှုရှိမှာကို အထင်းသား ပေါ်လွင်လျက် ရှိပါတယ်။
အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြပြီး ဒါကို မရှက်မကြောက် "ပြည်သူ့အတွက်"လို့ PDFအကြမ်းဖက်သမားတွေက အသံကောင်းဟစ်ချင်ကြသေးတယ်။ အခုလို လုပ်ရပ်ဟာ ပြည်သူကို ကောင်းကျိုးပေးတဲ့ လုပ်ရပ်လား၊ အတိဒုက္ခရောက်အောင် လုပ်နေကြတာလား ဆိုတာတော့ ပြည်သူများ ကွဲကွဲပြားပြား သိမြင်ပါတယ်။
ပြည်သူပိုင်ပစ္စည်းကို အဓမ္မယူသွားတာ ဘာရည်ရွယ်ချက်လဲ။ ရှင်းပါတယ်။ ပြည်သူကို အလင်းမရစေဖို့ပါပဲ။ ဒါမှ သူတို့ ကြိုက်သလို ချယ်လှယ်လို့ ရမှာပါ။ လျှပ်စစ်ဓာတ်အားတိုင်များနဲ့ ဆက်သွယ်ရေးတာဝါတိုင် တွေကို မိုင်းခွဲဖျက်ဆီး အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ဒလန်ယိုးစွပ် သတ်ဖြတ်နေတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား ISIS တွေတောင် မလုပ်တဲ့ အကြမ်းကြုတ်ဆုံး လုပ်ရပ်တွေပါပဲ။ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ NUG, PDF ဟာ ကမ္ဘာမှာ အရက်စက်ဆုံးသော အကြမ်းဖက်အဖွဲ့များထက် ပိုပြီး ရက်စက်ယုတ်မာ အောက်တန်းကျလွန်းတာကို သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG နဲ့ အပေါင်းအပါတွေရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို DVB, Mizzima, The Irrawaddy, Khit Thit Media, VOA, BBC, RFA ကဲ့သို့သော ပြည်ဖျက်မီဒီယာတွေက ဖုံးမယ်၊ ဖိမယ်၊ သတင်းအမှားတွေနဲ့ ပြည်သူကို ဂျင်းထည့်မယ်။ PDF ကဲ့သို့သော အကြမ်းဖက်သမားတွေကို တော်လှန်ရေးသမားကြီးတွေလို့ တင်စားပြီး အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်လာရင် ရေငုံနှုတ်ပိတ်နေကြမယ်။
ပြည်သူက ဖြစ်စဉ်အမှန်ကို သိပြီး သားဖြစ်လို့ မင်းတို့ အကြမ်းဖက်တွေ ပြည်သူ့မေတ္တာစူး အရှုံးကြီး ရှုံး လိမ့်မယ်။ အခုလည်း မနိုင်သလို ဘယ်တော့မှလည်း မင်းတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုက မအောင်မြင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်သူအပေါ် ကောက်ကျစ်ယုတ်မာလို့ပဲ။ NUG နဲ့ အပေါင်းအပါ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့အစည်းမှန်သမျှ ကျဆုံးရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်သူ မှန်သမျှ မြန်မာ့မြေပေါ်မှာ အောင်ပွဲမခံစေရ . . . ပြည်ဖျက်မိစ္ဆာများ ကျဆုံးပါစေ။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment