ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ယနေ့ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုတော်ယုန်လေး ၏ ကားလည်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် ပါဝင်သည်။ အခြားသော ပေါက်ကွဲမှုတစ်ခုတွင် ခရီးသွားပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
NLD အစွန်းရောက် အကြမ်းဖက်သမားများသည် အဆိုတော် ယုန်လေး ကို အစဉ်သဖြင့် ချောင်းမြောင်းလုပ်ကြံရန် ကြံစည်နေခြင်း ဖြစ်သည်။ ဆူပူဆန္ဒပြမှုများ ပြုလုပ်နေစဉ် ကာလတွင်လည်း အဆိုတော် ယုန်လေး ၏ ကားတစ်စီး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။
NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ပစ်မှတ်ထဲတွင် အဆိုတော်ယုန်လေး ရှိနေဆဲပင်ဖြစ်သည်။
ဂီတနယ်ပယ်မှ အဆိုတော် လီလီနိုင်ကျော် ကို ဒီငြိမ်းလင်း (ခ) ဒေဝ ဦးဆောင်သည့် အကြမ်းအဖွဲ့က ရန်ကင်းမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အကယ်ဒမီဆုများရှင် ရန်အောင် ၏ နေအိမ်ကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။
အဆိုတော်ယုန်လေး အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရန်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် အစဉ်အမြဲ စောင့်ကြည့်လှုပ်ရှားနေသည်ကို အနုပညာရှင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ အားလုံးက သတိရှိရှိဖြင့် ရှောင်ရှား ကာကွယ်ကြရမည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment