ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးသည် ၂၃-၁၂-၂၀၂၄ ရက်နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တွေ့ဆုံပြီး ကရင်ပြည်နယ်အတွင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ထပ်မံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနတာဝန်ခံများက ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် ပဉ္စမအကြိမ် မြေပြင်လူဦးရေစာရင်းစိစစ်မှုအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းခြင်း၊ လိုအပ်သည်များမှာကြားခြင်းတို့ကိုဆောင်ရွက်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်နှင့် ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းမှုများ ဆောင်ရွက်ပြီး ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)