ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်စခန်းတစ်ခု ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်စခန်းတစ်ခု ရှင်းလင်း


ကန့်ဘလူ၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက မြိုနယ်အတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်၊ ပြည်သူ့စစ်(ကန့်ဘလူ) ပူးပေါင်းအဖွဲ့သည် တောင်ယာဆိပ်ရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် PDF အကြမ်းဖက်သမား ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထိတွေ့မှု ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်စခန်းမှ  လက်လုပ်သေနတ် (၁)လက်၊ လက်လုပ်မိုင်း (၅၀)လုံး၊ ရီမုမိုင်းဆားကစ် (၅)ခု၊ ကျည်ကာအင်္ကျီ (၃)ထည်၊ ပြောက်ကျားဦးထုပ် (၁)လုံး၊ ဟန်းကော (၅)လုံး၊ ၅ ယောက်အိပ်တဲ(၂)လုံး၊ မှတ်စုစာအုပ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)