ဇေယျာသီရိမြို့နယ် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းမြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်ခြင်းစီမံကိန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေရန် စနစ်ကျလယ်မြေများ ဖော်ထုတ်ပေးခြင်းကို နိုင်ငံတော်ကဘဏ္ဍာငွေများကျခံသုံးစွဲ၍ စံပြဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရေပေးတူးမြောင်းများ ရေနုတ်မြောင်းများ၏ စိုက်ပျိုးရေစီမံခန့်ခွဲမှုများ စနစ်တကျအသုံးပြုနိုင်စေရန်နှင့် မူလလယ်မြေများထက် တောင်သူများ၏ လယ်ယာလုပ်ငန်းများ ပြောင်းလဲတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို လယ်ယာမြေဥပဒေနှင့်အညီ အသုံးပြုရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဆုံ အရှေ့မြောက်ဘက်ခြမ်း အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်းကျေးရွာအုပ်စုများမှ ‌တောင်သူ ၉၀ ပိုင်ဆိုင်သည့် လယ်မြေ ၂၆၀ ဒသမ ၇၀ ဧကကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၈၁ ဒသမ ၀၈၂ သန်းဖြင့် စုစုပေါင်းရေပေး မြောင်းအလျားပေ ၃၄၆၆၀၊ ရေနုတ်မြောင်းအလျားပေ ၂၇၁၇၀၊ ရေဆင်းပြွန်အဆောက်အအုံ ၁၁၉ ခု စုစုပေါင်းကုန်ထုတ်လမ်းအလျား ပေ ၂၃၃၂၀ ပါဝင်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)