ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် မြောင်းတကာရေကျော်ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆိုင်ကယ်ပြင်သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ထားသော သင်တန်းသားတစ်ဦး၏ ရွှေညီကိုဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မှော်ဘီမြို့နယ် ယင်းတိုက်ပင်ကျေးရွာအုပ်စု ရေကျော်ကျေးရွာရှိ ဇင်ယော်နို့စားနွားမွေးမြူရေးသမဝါယမအသင်းသို့သွားရောက်ပြီး အသင်းသားဦးရေ ၁၀ ဦးဖြင့် နို့စားနွားကောင်ရေ ၁၀၀ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ နို့စားနွားမွေးမြူသူအသင်းသားများ၊ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က မှော်ဘီခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သမဝါယမအသင်း(၁၀)သင်းမှ အသင်းသားတောင်သူဦးရေ ၁၈၇ ဦးတို့၏ စိုက်ပျိုးမြေ ၂၅၅၁ ဧကအတွက် GW-11 နွေစပါး မျိုးစေ့များနှင့် ယူရီးယား၊ ကွန်ပေါင်း၊ သဘာဝမြေဩဇာ စုစုပေါင်း ၃၄၀၅ အိတ်ကို အသင်းသားတောင်သူများထံ ပေးအပ်ကြသည်။

ယင်းနောက် မှော်ဘီမြို့နယ် ထိန်စွန်းကျေးရွာသို့သွားရောက်၍ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ပန်းစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံဆွေးနွေးကာ ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရဲစုကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေဖြင့် အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၃၁၀၀ ကျော်၊ လူဦးရေ ၁၂၃၃၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ်(ဖောင်ကြီး)သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)