ဒဂုံတောင်၊ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်း၊ မြို့နယ်အားကစားကွင်းရှိ ခန်းမ၌ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးမှ နယ်လှည့်ဆေးကုသရေး ဆရာဝန်ကြီးဒေါက်တာသူရ နှင့် အထူးကုဆရာဝန်ကြီး(၁၃)ဦးပါအဖွဲ့က "မရှိ၍ မလင်းသူမရှိစေရ" ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ကျား - ၃၂၁ဦး၊ မ - ၇၂၆ဦး၊ စုစုပေါင်း - ၁၀၄၇ဦး တို့ အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment