ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့နယ် “ပညာပျိုးပင်စာကြည့်တိုက်” အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့နယ် “ပညာပျိုးပင်စာကြည့်တိုက်” အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်







မြောင်းမြ၊ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ လှူဒါန်းသည့် သိန်း (၁၅၀)၊ အလှူရှင်များမှ လှူဒါန်းငွေ (၄၂) သိန်း၊ စုစုပေါင်း (၁၉၂) သိန်းဖြင့် ဆောက်လုပ်သည့် “ပညာပျိုးပင်စာကြည့်တိုက်” အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးတို့က “ပညာပျိုးပင်စာကြည့်တိုက်” အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်မိုးက လက်ခံရယူခဲ့ပြီး၊ မဒေါ့ပင်စံပြကျေးရွာ၊ ရွှေပြည်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလက စာအုပ်စာစောင်၊ ပရိဘောဂနှင့် ဆိုလာပြားအား ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့အတွင်းရေးမှူး ဦးထိန်လင်းက လက်ခံရယူခဲ့ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ IT နှင့် ဆက်စပ်ပစ္စည်းများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူကိုကိုက ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာစာကြည့်တိုက်မှူး ဒေါ်အေးသန္တာစိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါစာကြည့်တိုက်မြေအကျယ်အဝန်းမှာ အလျား (၃၀) ပေ၊ အနံ (၂၀) ပေ၊ အဆောက်အအုံ အကျယ်အဝန်းမှာ အလျား (၂၀) ပေ၊ အနံ (၁၉) ပေ၊ အမြင့် (၁၀) ပေရှိပြီး အုတ်ကာသွပ်မိုး၊ တစ်ထပ်အဆောက်အအုံဖြစ်သည်။ သုတစာအုပ် (၇၈၀) အုပ်နှင့် ရသစာအုပ် (၁၅၀) အုပ် စုစုပေါင်း (၉၃၀) အုပ်ရှိကြောင်း သိရသည်။


ဇေယျာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)