ကိုယ့်ရှူးကိုယ်ပြန်ပတ်လာနိုင်လို့ အစ္စရေးက ဆီးရီးယားနယ်စပ်မှာ တပ်တွေဖြန့်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ့်ရှူးကိုယ်ပြန်ပတ်လာနိုင်လို့ အစ္စရေးက ဆီးရီးယားနယ်စပ်မှာ တပ်တွေဖြန့်ထား


၂၀၂၄၊ ဒီဇင်ဘာ ၉

ဆီးရီးယား အစိုးရဆန့်ကျင်ရေး သမားတွေနဲ့ ဂျီဟတ်တွေ က ၆-၁၂-၂၀၂၄ ရက်နေ့မှာ ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ အစ္စရေးအနေနဲ့ ကိုယ့်ရှူးကိုယ်ပြန်ပတ်လာနိုင်တဲ့အတွက်ကြောင့် ဆီးရီးယားနယ်စပ်မှာ အစ္စရေးတပ်တွေကို ဖြန့်ထားကာ ကြားခံဘာဖာဇုံတစ်ခုကို တည်ဆောက်ဖို့လုပ်နေပါတယ်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ များ (အိုင်ဒီအက်ဖ်) က ဆယ်စုနှစ်များစွာ တရားမဝင်သိမ်းပိုက်ခဲ့သော၊ အစ္စရေး နှင့် ဂိုလန်ကုန်းမြင့်ဒေသ  လုံခြုံမှုကိုသေချာစေရန်ဖြစ်သည်ဟု တနင်္ဂနွေနေ့ ကြောညာချက်တွင်ဖော်ပြခဲ့သည်။ ဆီးရီးယား ၏ "အတွင်းပိုင်း ဖြစ်ရပ်များ" တွင် တပ်ဖွဲ့ များ ဝင်ရောက် စွက်ဖက်ခြင်း မရှိကြောင်း အိုင်ဒီအက်ဖ် က အလေးပေး ပြောကြားခဲ့သည်။ အိုင်ဒီအက်ဖ်သည် ကြားခံဇုန်ကို ထိန်းသိမ်းရန်နှင့် အစ္စရေးနှင့်၎င်း၏ အရပ်သားများကို ကာကွယ်ရန် လိုအပ်သမျှ ကာလပတ်လုံး ဆက်လက် လုပ်ဆောင်လိမ့်မည် ဟုလည်း ကြေညာခဲ့သည်။

အစ္စရေးစစ်တပ်က တင့်ကားများဖြင့် ဂိုလန်ကုန်းမြင့်ဒေသနှင့်ကပ်နေသော ကူနီထရာဒေသ ခန်အာနာဘာမြို့ သို့ ဝင်ရောက်ခဲ့ပြီး သက်မှတ်သည့် ပစ်မှတ်မရှိဘဲ နယ်မြေရှင်းလင်ရေးကို လုပ်သဖြင့် ဒေသခံများနှင့် ပစ်ခတ်မှု ဖြစ်ပွားကာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာ တစ်ခုကဆိုသည်။ 

ဆီးရီးယားမှာ သမ္မတအာဆက်ထွက်ပြေးတိမ်းရှောင် သွားပြီးဖြစ်သဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ ဖရိုဖရဲ ဖြစ်စဉ် ဖြစ်ပေါ်နေရာ အီရန်စစ်တပ် က ဝင်ရောက် နေရာယူနိုင်သဖြင့် အစ္စရေး က ယခင်ကတည်းက နယ်မြေကျော်ပြီး လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်လေ့ရှိရာ ယခုအချိန်တွင် ဆီရီးယားနိုင်ငံအတွင်း ကြားခံဇုံဟု သက်မှတ်၍ နယ်မြေကိုပိုမိုချဲ့ထွင်လာသည်။  မြို့တော် ဒမတ်စကတ်ကို သိမ်းထားသည့် ဂျီဟက်အဖွဲ့ HTS သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လတ်တလောတုံ့ပြန်သည့် လုပ်ငန်းများ မလုပ်ဆောင်သေးချေ။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)