မကွေးမြို့တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်

 


မကွေး  , ဒီဇင်ဘာ ၈


မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့က မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က အမှာစကားပြောကြားရာတွင် မီးဘေးလုံခြုံအထူးကျွမ်းကျင်မှုဆင့်ပွားသင်တန်းကို မီးသတ် တပ်ဖွဲ့ဝင်များ အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်  စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ တပ်ဖွဲ့အတွင်း Men Power၊ Equipment Power များ တိုးတက် လာသည်နှင့်အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် တိုးတက်လာပြီး ဌာန၏ရည်မှန်းချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူ ရရှိနိုင်စေရန်နှင့်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားနေစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မကွေးခရိုင်နှင့်မင်းဘူးခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၂၁) ဦးအား သင်တန်းနည်းပြများက  (၁)ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)