နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်သမား ၈လောင်း၊ AA အကြမ်းဖက်သမား ၄လောင်း ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်သမား ၈လောင်း၊ AA အကြမ်းဖက်သမား ၄လောင်း ရရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၉

ကျောက်တံခါးမြို့မှ အမြန်လမ်းဘက်သို့ လက်နက်/ခဲယမ်းများ သယ်ဆောင်မည့် သတင်းအရ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကညွတ်ကွင်းမြို့၏ အနောက်မြောက်ဘက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၀၄/၃) အနီး၌  စောင့်ဆိုင်းနေစဉ် အေးမြသာယာရွာဘက်မှ ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လာသည့် မသင်္ကာဖွယ် လူ ၄ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် ၁ ဦးကို ပစ္စတို ၁ လက်၊ ကျည် ၇၀၀ တောင့်၊ ကျည်အိမ် ၅ ခု၊ ကျည် ၅ တောင့်၊ ဒီတိုနေတာ ၁၀၀ ခုနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ညောင်လေးပင်မြို့နယ်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် မြို့၏အရှေ့မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့အရောက် နေရာ ၃ နေရာမှ KNLA တမဟ(၂)၊ ရင်း(၇) နှင့် အကြမ်းဖက်သမား အင်အား ၃၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နှိမ်နင်းဆောင်ရွက်ခဲ့ရပြီး အကြမ်းဖက်သမားများထံမှ ကျည်အိမ် ၂ ခု၊ ကျည် ၁၅ တောင့်၊ လက်လုပ်တိုက်မိုင်း ၁ လုံး၊ လက်ပစ်ဗံဒး ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ သစ်လုံးဘန်ကာ ၁ လုံး၊ ဆကရမြောင်း ၁၇၀ ပေခန့် ရှိ အကြမ်းဖက်သမားများ အခြေပြုနေရာအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ၈-၁၂-၂၀၂၄ ရက်နေ့ က နယ်မြေရှင်းလင်းချီတက်စဉ် အောင်မြေကုန်းစခန်း၏ အနောက်တောင်ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သမား အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး  အောင်မြေကုန်း အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမား အလောင်း ၃ လောင်း၊ လက်နက် ၃ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ လက်လုပ်လက်ပစ်ဗုံး ၄၇ လုံး၊ ၆၀ မမဗုံးသီး ၂ လုံး၊ စက်လတ်ပြောင်းပိုး ၁ ခု၊ ကျည်ကာဦးထုပ် ၆ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တစ်ဝိုက် ၈-၁၂-၂၀၂၄ ရက်နေ့က နယ်မြေရှင်းလင်းစဉ် မြို့၏အရှေ့မြောက်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် စတင်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရန်သူမှ ပြန်လည်ပစ်ခတ်၍ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၃ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲမှူးရုံး၏ အရှေ့တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ၌ ၈-၁၂-၂၀၂၄ ရက်နေ့က ကင်းပုန်းဝပ်နေစဉ် မသင်္ကာဖွယ် လူ ၁ ဦး အရပ်ဝတ်ဖြင့် ဝင်ရောက်လာသဖြင့် ရပ်တန့်ရန် ပြောကြားခဲ့သော်လည်း ၎င်းမှ လက်နက်ငယ်ဖြင့်  ၃ ချက် စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး အလောင်း ၁ လောင်း၊ ကာဘိုင် ၁ လက်၊ ကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မြေခံတပ်ရင်းအနီး ၈-၁၂-၂၀၂၄ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၆ နေရာမှ AA အကြမ်းဖက်သမား ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်နှိမ်နင်းခဲ့ရာ AA အကြမ်းဖက်သမား ၄ လောင်း၊ အမ်(၂၂) ၁ လက်၊ RPG ၁ လက်၊ တရုတ်စက်လက် ၁ လက်၊ ကျည် ၆၇၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁၁ လုံး၊ ဗုံးသီးပို့ကျည်ပါ ၄ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)