မန္တလေး ပဲ၊ နှမ်း၊ ဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး ပဲ၊ နှမ်း၊ ဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိ



မန္တလေး၊ ဒီဇင်ဘာ ၁၇

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲတီစိမ်းနှင့် ပဲကြီး အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။

ပဲ၊ ပြောင်း၊ နှမ်းစသည့် ကုန် စည်များထဲတွင် ယခင်က ပဲတီစိမ်း နှင့် ပဲကြီးမှာ ပြည်တွင်းဈေးကွက် အတွင်းမှ ဝယ်ယူမှုနည်းခြင်း ကြောင့် အရောင်းအဝယ်အေးနေ ခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲတီ စိမ်းနှင့် ပဲကြီးကို ကုန်သည်များ ဝယ်ယူမှုများပြားလာပြီး အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

"အခု မန္တလေးဈေးကွက်ထဲ မှာ ပဲတီစိမ်းနဲ့ ပဲကြီး အမျိုးအစားတွေ အဝယ်တော်တော်လေးပြန် လိုက်လာတယ်။ ဈေးကွက်ထဲမှာ တော့ တခြား ပဲ၊ ပြောင်း၊ နှမ်း စတဲ့ ကုန်စည်တွေလဲ ပုံမှန် အတိုင်းအရောင်းအဝယ် ဖြစ်နေ ပါတယ်"ဟု ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေ က ပြောပြသည်။

မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက် ဈေးအရ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ပေါက်ဈေးရှိကြောင်း၊ အလားတူ ယနေ့ပေါက်ဈေးအရ ပဲကြီး သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

"ကုလားပဲနဲ့ နှမ်းတွေကလဲ ဈေးကွက်ထဲမှာ ပုံမှန်အတိုင်းအရောင်းအဝယ် ဖြစ်နေတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပ နိုင်ငံတွေကလဲ ကုလားပဲနဲ့ နှမ်း ဝယ်ယူမှုတွေ ရှိပါတယ်။ တခြား နိုင်လွန်ပဲတို့၊ ပဲစင်းငုံတို့ကလဲ ပုံမှန် အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေ တယ်"ဟု ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်း ရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။

ယခု ပဲ၊ ပြောင်း၊ နှမ်းဈေးကွက် အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းနက်(စမုန်)သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၆၆၅၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းဖြူ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ ထိ ပေါက်ဈေး ရှိကြောင်း သိရသည်။


ရတနာပုံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)