ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့


ဟင်္သာတ၊ ဒီဇင်ဘာ ၁၆

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေး ကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီ စိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။

ဟင်္သာတမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ အောက်တိုဘာလ အတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၄၀၀၀၀ သာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှ ၃၀ ရက်ထိ ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ "ဟင်္သာတမြို့ နယ်ကနေ ရန်ကုန် ဈေးကွက်ထဲကို နိုဝင်ဘာလထဲ မှာ ပဲတီစိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါ တယ်။ လက်ရှိ ဒီဇင်ဘာလထဲမှာ လဲ ဒေသထွက် ပဲတီစိမ်းတွေအပါ အဝင် ပဲအစုံကို ရန်ကုန်ဈေးကွက် က အဝယ်လိုက်နေပါတယ်။ ဒေသ ထွက်ပဲတွေ၊ စပါးတွေကို ဒီဘက် က ကုန်သည်၊ ပွဲရုံလုပ်ငန်းရှင်တွေ က ရန်ကုန်ဈေးကွက်ကို တင်ပို့ ရောင်းချတာများပါတယ်။ ပဲတီ စိမ်းတွေ ဝယ်ယူမှုကောင်းလာတာကြောင့် အလုပ်အကိုင်အခွင့် အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပဲတွေက အဟောင်းတွေပါ"ဟု ဟင်္သာတ မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ် ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။

ဟင်္သာတမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ သည့် ပဲတီစိမ်း ၁၆ ပြည်ဝင် တစ် အိတ်လျှင် ငွေကျပ် ၁၁၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဟင်္သာတ မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ 


ကျော်ကျော်လင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)