မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုတတိယပွဲစဉ် အဖြစ်ကစားမည့် မြန်မာအသင်း နှင့် လာအိုအသင်းတို့ပွဲစဉ်အတွက် လက်မှတ်ခများကို အထူးတန်း အတွက် ငွေကျပ် ၅၀၀၀ နှင့် ရိုးရိုး တန်းအတွက် ငွေကျပ်၂၀၀၀ သတ် မှတ်ထားပြီး ဒီဇင်ဘာ ၁၈ ရက်ထိ ရောင်းချပေးသွားမည်ဖြစ်သည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုတတိယပွဲစဉ် အဖြစ် မြန်မာအသင်းနှင့် လာအို အသင်းတို့သည် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင်ကစား သွားမည်ဖြစ်သည်။
မြန်မာအသင်းနှင့် လာအိုအသင်း တို့ ကစားမည့် ပွဲစဉ်အတွက် လက်မှတ်များကို ဒီဇင်ဘာ ၁၅ ရက် မှစတင်ပြီး ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး ဝေဇယန္တာ လမ်းမကြီး သုဝဏ္ဏအားကစားကွင်းရှေ့တွင် နံနက် ၁၀ နာရီမှ စတင်ပြီး ညနေ ၄ နာရီထိ ရောင်းချ ပေးလျက်ရှိနေသည်။
အဆိုပါပွဲစဉ်အတွက် လက်မှတ် များကို ပြိုင်ပွဲကစားမည့်နေ့ ဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက်တွင် လည်း နံနက် ၁၁ နာရီမှစတင်ပြီး သုဝဏ္ဏအားကစားကွင်း ဂိတ်(၂) တွင် အထူးတန်းအတွက် လက်မှတ် များကိုလည်းကောင်း၊ ဂိတ်(၈)တွင် ရိုးရိုးတန်းအတွက် လက်မှတ်များ ကိုလည်းကောင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲတွင် မြန်မာအသင်း သည် အုပ်စုနှစ်ပွဲကစားပြီးချိန်၌ ပထမပွဲစဉ်တွင် အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ထားပြီး ဒုတိယပွဲစဉ်တွင် ဖိလစ်ပိုင် အသင်းနှင့် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားကာ နိုင်ပွဲမရရှိ သေးဘဲ အုပ်စုအောက်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment