ကန့်ဘလူ၊ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၆ ရက် နံနက် ၉ နာရီခန့်က နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ရှားချောင်းရွာအနီး ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး PDF အကြမ်းဖက်သမား၂ လောင်း၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၃၀ တောင့်၊ အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီခန့်က နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် မကျီးကုန်းရွာအနီး ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး PDF အကြမ်းဖက်သမား ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ Drone ၂ စီး၊ Drone Gun ၂ လက်၊ ကျည် ၉၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ကာဦးထုပ် ၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ KIA ကျောပိုးအိတ် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment